- xxနှစ် အရွယ် ရောက်နေပြီမို့လို့ အခုမှ ပရိုဂရမ်းမင်းကို လိုက်လုပ်ရင် ဖြစ်နိုင်သေးလား။
- အရင်က xx အလုပ်လုပ် ခဲ့တာ၊ အခုမှ ပြောင်းပြီးလုပ်ရင် ဖြစ်နိုင်သေးလား။
- စာသိပ်မလိုက်နိုင်ဘူး ဖြစ်နေတယ်၊ ရပါ့မလား၊ ဆက်လုပ်သင့်လား။
ခဏခဏမေးကြတယ်။ မဖြစ်နိုင်ဘဲ အချိန်တွေ ပေးမိရင် ပေးလိုက်တဲ့ အချိန်တွေ အလဟဿ ဖြစ်ကုန်မှာ စိုးကြပုံရပါတယ်။ ပရိုဂရမ်မာကောင်း တစ်ယောက် ဖြစ်နိုင်မဖြစ်နိုင် ဆိုတာ၊ အသက်အရွယ်တွေ Background တွေ၊ ကျောင်းစာ ရမရဆိုတာတွေထက် ဒါတွေနဲ့ ပိုဆိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ်သာ မေးခွန်းထုတ်ကြည့်ပါ။ ကိုက်ညီတယ်ဆိုရင် ဆက်လုပ်ပါ၊ မကိုက်ညီရင် မလုပ်ပါနဲ့၊ တစ်ခြား ကိုယ့်အားသာချက်နဲ့ ပိုကိုက်ညီမယ့် Field ကိုရှာပါ။
ခဏခဏ ပြောဖူးပြီးသားဆိုပေမယ့် ကာလတစ်ခုကြာတော့ ဒီမေးခွန်းတွေ တစ်ကျော့ပြန်ပြန် လာကြတယ်။