Meta

HTML တစ်ခု ကို ဖန်တီးတဲ့ အတွက် ကျွန်တော်တို့တွေ Header ပိုင်းမှာ meta ကို လည်း အသုံးပြုကြပါတယ်။ Meta ဆိုတာကတော့ လက်ရှိ webpage ရဲ့ information တွေ ထည့်သွင်းဖော်ပြထားတာပါ။
<!DOCTYPE html>
    <html>
    <head>
        <title>This is title</title>
        <meta name="description" content="HTML5 book">
        <meta name="keywords" content="HTML,CSS,XML,JavaScript">
        <meta name="author" content="saturngod">
        <meta charset="UTF-8">
    </head>
    <body>
        Hello World!
    </body>
</html>


အထက်ပါ code ကို ကြည့်ရင် လက်ရှိ webpage ရဲ့ author က saturngod လို့ရေးထားတာတွေ့မှာပါ။ keywords နဲ့ description တွေကတော့ search engine က ရှာဖွေ ရှာမှာ လွယ်လွယ်ကူကူ တွေ့အောင် ထည့်သွင်းထားပေးရပါတယ်။ ကိုယ့် webpage ကို HTML , CSS , XML , Javascript စတဲ့ keywords တွေနဲ့ ရှာရင် တွေ့နိုင်အောင် keywords မှာ ကျွန်တော်ထည့် ထည့်ထားတာတွေ့နိုင်ပါတယ်။ description ကတော့ search engine တွေက ကိုယ့် ရဲ့ website ကို ဖော်ပြတဲ့အခါမှာ မြင်ရမယ့် text ပါ။